ဒိုက်ဦးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂ဝ၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ် လူမှုရေးပင်စင်ပေးအပ်ခြင်းဆောင်ရွက်

ဒိုက်ဦး ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ(၅၇၀)ဦးအား နိုင်ငံတော်၏ဘတ်ဂျက်ရန်ပုံငွေမှ ဧပြီလမှ ဒီဇင်ဘာလအထိ (၉)လစာလူမှုရေးပင်စင်ပေးအပ်ခဲ့သည်။

အဆိုပါပင်စင်ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနသည် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အကျိုးခံစားခွင့်ရရှိသူများစာရင်း ကောက်ယူခြင်း၊ ငွေသားပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် အကျိုးအခံစားခွင့်ရှိသူများနှင့် ၎င်းတို့၏ကိုယ်စားလှယ်များထံ တိုက်ရိုက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)