သတင်းများ

ကြံခင်းမြို့၌ ဆေးဆိုင်များအား လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ  ရှောင်တခင်စစ်ဆေး
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ဆေးဝါးရောင်းချသည့် ဆေးဆိုင်များအား ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ကြသည်။
ဒေးဒရဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ(အ.ထ.က(ခွဲ))၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းကျင်းပ
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်  ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၇ ရက်နေ့နံနက် (၉) နာရီက ​​ဇီးဖြူကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအားရွေ့လျားဆေး ကုသယာဉ်(MMU)ဖြင့် ဆေးကုသခြင်းများဆောင်ရွက်
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာရှိ Aqua King Group Company Limitedမှ အလုပ်သမားများအား မြောင်းမြမြို့နယ် လူမှုဖူလုံရေးရုံးမှရွေ့လျားဆေးကုသယာဉ်(Mobile Medical Unit) ဖြင့်ကွင်းဆင်း၍ ဆေးကုသပေးခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် စာသင်ကျောင်းအခြေပြု သဘာဝဘေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က စာသင်ကျောင်း အခြေပြုသဘာဝဘေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်သည်။
ကချင်ပြည်နယ် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကရာတေးပြိုင်ပွဲနှင့် တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ကိုယ်စားပြု အားကစားအသင်းများအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်
Jul 09,2026
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကရာတေးပြိုင်ပွဲနှင့် တိုက်ကွမ်ဒိုပြိုင်ပွဲများတွင် သွားရောက်ပါဝင်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်အားကစားအသင်းများအား ကချင် ပြည်နယ်အစိုးရအဖွဲ့က အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ပွဲကို ဇူလိုင်လ ၇ ရက်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရွှေသောင်ယံမြို့တွင် ရက်(၁၀၀)စီမံချက်အရ ကျောင်းသား၊ကျောင်းသူများအား မျက်စိ ကျန်းမာရေးစစ်ဆေးပေး
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ် (၃)ရပ်ကွက် အ.မ.က (၁၃၀)ဂျိုင်ကြီးကျောင်းတွင်  ယနေ့ နေ့လည်ပိုင်းက ရက် (၁၀၀)စီမံချက်အရ ကျောင်းသား၊ ကျောင်းသူများအား မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းကို ရွှေသောင်ယံမြို့ ကျန်းမာရေး ဌာနခွဲရှိ ကျန်းမာရေးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်၌ အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပရာမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြိုန့ယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားသမားများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကစားရေးရာဝန်ကြီးဌာန၏ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့တက်ရောက်
Jul 09,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ရည်ရွယ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၈ နာရီက အားကစားရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ငြိမ်းချမ်းသာယာ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြသည်။