ရမည်းသင်းမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချူပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး (၁/၂၀၂၆) သင်တန်းပို့ချမှု ဆောင်ရွက်

ရမည်းသင်း ဇူလိုင် ၉ 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းပို့ချမှုကို ယနေ့ နံနက် ၉ နာရီက အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာခန်းမ၌ ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။

ယင်းသင်းတန်းတွင် မန္တလေတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်က ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချူပ်ရေးမှူးများအား လုပ်ငန်းများတွင် ပိုမိုအဆင်ပြေချော့မွေ့စွာ လုပ်ဆောင်နိုင်ရန်အတွက် သင်တန်းပို့ချမှုများ ပြုလုပ်ခဲ့ရာ ၆၈အုပ်စုမှ အုပ်ချုပ်ရေးမှူးများက တင်ပြလိုသည်များကို ဆွေးနွေးတင်ပြခဲ့ပါကြောင်း ၊မြို့နယ်မြေစာရင်းဦးစီးဌာနက ရာသီဥတုနှင့် ကောက်ပဲသီး နှံနှစ်ချုပ်အစီရင်ခံစာဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည်ဖြင့် အသီးသီးပို့ချပေးလျက်ရှိသည်။

အဆိုပါ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချူပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့ထိ လေးပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းပြည့်ဇော် (ပြန်/ဆက်)