ပုလော ဇူလိုင် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပြည်သူ့ဆေးရုံမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ပြုံးချို ဦးဆောင်သော အဖွဲ့သည် ပုလောမြို့ အမှတ် ၂ ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းက ပြည်သူများအား ကွင်းဆင်းပြီး အခမဲ့ဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ကြသည်။
ထိုသို့ ကွင်းဆင်းဆေးကုသပေးခြင်းသည် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူရန် လိုအပ်သည့် ဝေဒနာရှင်များ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)