ရွှေတောင် ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များမှ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဒေါင်းဇွန်ကျေးရွာ ကွင်းအမှတ် (၄၂၁) မင်းရွာကွင်း တောင်သူဦးခင်အေးနိုင်၏လယ်မြေတွင် ရေဆင်းပေါ်ဆန်း-၁ စပါးမျိုးအား လက်ဆွဲကောက်စိုက်စက် (Drum Seeder) ဖြင့် စိုက်ပျိုးနေမှုအခြေအနေ၊ ရွှေနတ်တောင် လမ်းဘေးဝဲ/ယာရှိ မိုးစပါးစိုက်လယ်မြေများတွင် ခြုံနွယ်များရှင်းလင်းခြင်းနှင့် ရေနှုတ်မြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ကွင်းအမှတ် (၄၂၃ B) တောင်သူဦးသိန်းဝင်း၏ မှော်ဘီ- ၂ စပါးမျိုးစိုက်ပျိုးထားရှိမှုအခြေအနေ၊ မယားမာန်ကျေးရွာ ကွင်းအမှတ် (၄၄၇) တောင်သူ ဦးဝင်းနိုင်၏လယ်မြေ (၃) ဧကတွင် ရေဆင်းပေါ်ဆန်း- ၂ စပါးမျိုးကြိုးတန်းဆွဲ၍ စိုက်ပျိုးနေမှုအခြေအနေ၊ ရွာသာယာရွာကျေးရွာကွင်းအမှတ် (၄၄၀) တောင်သူဦးစန်းသူ၏ မိုးမြေပဲဆင်းပဒေသာ-၁၁ (၂) ဧက အပင်ဖြစ်ထွန်းနေမှုအခြေအနေ၊ ညောင်လှကျေးရွာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ညောင်လှဆိုလာစနစ် ရေတင်စီမံကိန်းဖြင့် ဧက (၃၀၀) တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းစတင်ရန် ပစ္စည်းများထားရှိမှုအခြေအနေ၊ ညောင်လှကျေးရွာ ကွင်းအမှတ် (၄၄၆) တောင်သူဦးမြင့်သွင်၏ မိုးနှမ်းဆင်းရတနာ-တောင်သူဦးမြင့်သွင်၏ မိုးနှမ်းဆင်းရတနာ-၃ စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေ၊ ကျီးသဲကျေးရွာအုပ်စုရှိ စက်ရက္ကန်းလုပ်ငန်း (MSMEs) လုပ်ကိုင်သူ ဦးမိုးနိုင်နှင့် ဒေါ်ခင်မာဝေတို့၏ စက်ရက္ကန်းစင်များဖြင့် စည်လုံချည်ယက်လုပ်နေမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)