သတင်းများ

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Aug 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာကောင်းပြည့်သော်ရေးသားသည့် “အရည်အချင်းနှင့်အောင်မြင်ကြီးပွားခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ဖန်စီထိုးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်
Aug 23,2024
မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ‌ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ အသက်မွေးဝမ်းကျောင်းပညာများ ကျွမ်းကျင်စွာ တတ်မြောက်စေရန်၊ တစ်ဖက်တစ်လှမ်းမှ မိသားစုအပိုဝင်ငွေ ရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဖန်စီထိုးနည်းသင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ချမ်း​မြသာစည်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိညာပေး ဟောပြောပွဲ ကျင်းပ
Aug 23,2024
အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်ရေးအသင်း (ဗဟို-မန္တလေး) (AEDA-Mdy)တို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိပညာပေး ဟောပြောပွဲကို​​ ယမန်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်  အမှတ်(၂၈) အ​ခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ကျောက်ဆည်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပြပွဲ ပြိုင်ပွဲများ ကျင်းပ
Aug 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပြပွဲပြိုင်ပွဲ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနအသီးသီးမှ ဌာနမှူးများ၊ ကထိကများ၊ အထူးပြုဘာသာရပ်ပေါင်းစုံ  ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။
သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က) သရက်ချောင်းကျောင်း၌ မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Aug 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က) သရက်ချောင်း ကျောင်းပညာရတနာခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် မိုးနှောင်းဝါသီးနှံ(B-31)ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်စိုက်ပျိုးနေသည့် တောင်သူများထံ သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 23,2024
ပျော်ဘွယ်မြို့နယ် စိုက်ပျိုးညှိနှိုင်းကြီးကြပ်မှုအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄-၂၀၂၅ မိုးနှောင်းဝါသီးနှံ(B-31) ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စံပြကွက်စိုက်ပျိုးနေသည့် တောင်သူများထံ သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ညောင်ရွှေကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန မြေစိုက်ဘုတ်၌ Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးနှိုးဆော်မှု ပိုစတာပြသ
Aug 23,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်ဘုတ်၌ ယနေ့နံနက်ပိုင်းမှစ၍ Mpox (မျောက်ကျောက်) ရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်မှု ပိုစတာပြသထားသည်။
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် မူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Aug 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ပြင်ပဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက  ကျင်းပပြုလုပ်ခဲ့သည်။