သတင်းများ

ညောင်ရွှေ၌ လေပြင်းဒဏ်ခံနိုင်သော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းအစီအစဉ် ရှင်းလင်းပွဲကျင်းပ
Jan 16,2025
လေပြင်းဘေးဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းအစီအစဉ် ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ကျင်းပမည်
Jan 16,2025
မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လဲချားမြို့ အ.ထ.က.(ခွဲ)နောင်မိန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 16,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ အ.ထ.က(ခွဲ)နောင်မိန်း‌ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က ကျင်းပခဲ့​ပါသည်။
ကျိုက်ထိုမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်
Jan 16,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် သ/မ ဦးစီးဌာန၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
မောက်မယ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 သင်ရိုးသစ်၊ စာမေးပွဲဆိုင်ရာ နောက်ဆက်တွဲသင်တန်းဖွင့်လှစ်
Jan 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတမြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၄−၂၀၂၅ ပညာသင်နှစ်အခြေခံမူလတန်းအဆင့် Grade-5 သင်ရိုးသစ်၊ စာမေးပွဲဆိုင်ရာနှင့်ပတ်သက်၍ နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်ခြင်းကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဈေးတန်း၌ ယနေ့နံနက် ၉ နာရီက  ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်
Jan 16,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်
Jan 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်မြင့်မားပြီး၊ စာစီစာကုံးရေးသားမှု ကျွမ်းကျင်ပိုင်နိုင်စေရန်အတွက် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့ စွမ်ခမ်းစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းစတင်ကပ်လှူပူဇော်
Jan 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ စွမ်ခမ်းစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက် စွမ်ခမ်းစေတီတော်တွင် ကျင်းပသည်။