ဒေးဒရဲမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်း၌ ကျောင်ကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနှင့် တစ်ကိုယ်ရည်ကျန်းမာရေးဆိုင်ရာ အလေ့အထများ သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် တစ်ကိုယ်ရည် ကျန်းမာရေးစစ်ဆေးခြင်းများကို ယနေ့နံနက်(၁၀) နာရီက အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။