သတင်းများ

ပင်လောင်းမြို့၌ မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနား ကျင်းပ
Aug 23,2024
"မိခင်နို့ချိုတိုက်ကျွေးဖို့ အားလုံးကူညီပံ့ပိုးစို့" ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု မြို့နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်
Aug 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဒေသခံမိဘပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများအား စာအုပ်စာပေများ လက်လှမ်းမီစွာ ငှားရမ်းဖတ်ရှုနိုင်စေရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် ရည်ရွယ်၍ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
အမှတ်(၂) ခရိုင်ချင်းဆက်လမ်းတွင် ခံနိုင်ဝန်အားကောင်းမွန်စေမည့် RCC  Culvert (၃) စင်း ဆောက်လုပ်ပေး
Aug 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေသအတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး ကျောက်ဆည်ခရိုင်အတွင်းရှိ အမှတ် (၂) ခရိုင်ချင်းဆက်လမ်းတွင် ခံနိုင်ဝန်အားကောင်းမွန်စေမည့် RCC Culvert (၃)စင်း ဆောက်လုပ်ပေးလျက်ရှိကြောင်း  သိရသည်။
ရွှေဘိုမြို့၌ ဥပ​ဒေအသိပညာ​ပြန့်ပွား​ရေး သင်တန်းအမှတ်စဥ်(၁/၂၀၂၄)ဖွင့်လှစ်သင်ကြား
Aug 23,2024
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုမြို့ အမှတ်(၂)အ​ခြေခံပညာအထက်တန်း​ကျောင်း ရွှေရတုခန်းမ၌ ဥပ​ဒေအသိပညာပြန့်ပွား​ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို ယ​နေ့နံနက် ၉ နာရီချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့၌ သစ်ပင်လဲကျနေမှုအား မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းဖယ်ရှားရှင်းလင်းပေး
Aug 23,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက် ဘဝမဏ္ဍိုင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနီးရှိ ရေဆိုးထုတ်မြောင်းပေါ်တွင် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က သက်တမ်းရင့်ကုက္ကိုပင်လဲကျမှုဖြစ်ပွားကြောင်းသိရ၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများ အန္တရာယ်ကင်းဝေးစေရန် သွားရောက်ခုတ်ထွင် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလောမြို့၌ ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း (လီမီတက်) မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ
Aug 23,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာခွဲအချိန်က ရွှေကလော အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း (လီမီတက်) မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အသင်းသား ၃၆၂ ဦးစာရင်းရှိပြီ ၂၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြိုနယ်စက်မှုဇုန်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ကွန်ကရစ်လမ်း ထပ်ပိုးလွှာခင်းခြင်း ကမ္ဗည်းကျောက်စာတိုင်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ယောအတွင်းဝင်ဦးဖိုးလှိုင်လမ်း ကွန်ကရစ်လမ်းထပ်ပိုးလွှာခင်းခြင်း ကမ္ဗည်းကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဖန်ချက်ဝန်ဦးရွှေအိုးလမ်းနှင့် ယောအတွင်းဝင် ဦးဖိုးလှိုင်လမ်းထောင့်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သစ်ခွတောင်ကျေးရွာတွင် နေအိမ်နံရံ၌ တွယ်တက်စေသောနည်းဖြင့် တောင်ပေါ်ကွမ်းကြမ်းများ စမ်းသပ်စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း
Aug 23,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သစ်ခွတောင်ကျေးရွာတွင် နေအိမ်နံရံ၌ တောင်ပေါ်ကွမ်းကြမ်းပင်များကို တွယ်တက်စေသောနည်းဖြင့် စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။