မြိတ် ဇန်နဝါရီ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦးနှင့် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးပြည်မှူး၊ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းထက်ဦးနှင့်တာဝန်ရှိသူများသည် မြိတ်မြို့နယ် ကျေးလက်နေပြည်သူများအတွက် ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းဆောင်ရွက်နေမှုအား ဇန်နဝါရီ (၁၆)ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျေးလက်နေပြည်သူများအတွက် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေများဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကလွင်-ကရှက်-တောင်ပြိုလမ်း(မြို့ပတ်(၁)လမ်း)တွင် (၁/၃.၅-၂/၇.၅) မိုင်ကြား(၁/၄)မိုင်ကို မူလလမ်းအကျယ်မှ တစ်ဖက်လျှင်(၅)ပေ အကျယ်စီနှင့် မူလပျက်စီးနေသော လမ်းမျက်နှာပြင်၏လမ်းအနိမ့်အမြင့် ဖြေညှိကတ္တရာခင်းခြင်း၊ ရေပိတ်လွှာ(၂)ထပ်လောင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ကလွင်-ကရှက်-တောင်ပြိုလမ်း(၂/၇.၅-၃/၃.၅)မိုင်ကြား (၁/၄)မိုင်ကို မူလလမ်း အကျယ်မှတစ်ဖက်လျှင် (၅)ပေအကျယ်စီနှင့် မူလပျက်စီးနေသော လမ်းမျက်နှာပြင်၏ လမ်းအနိမ့်အမြင့် ဖြေညှိကတ္တရာခင်းခြင်း၊ ရေပိတ်လွှာ(၂)ထပ်လောင်းခြင်းကို မြိတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေမှုအား အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)