ဇလွန် ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြို့နယ်အဆင့် အသက်(၁)နှစ်မှ(၅)နှစ်အရွယ်ကလေးငယ်များကို Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရန် အသိပညာပေးဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်၁၀နာရီတွင် မြို့နယ်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေဝါမြင့်မှ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးမည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဇလွန်မြို့နယ်တွင် မြို့နယ်အဆင့် အသက်(၁)နှစ်မှ(၅)နှစ်အရွယ် ကလေးငယ်များကို Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း(ပထမအကြိမ်)ကို ဇန်နဝါရီလ ၂၀ စတင်ပြီး ဇန်နဝါရီ ၂၆ ရက်နေ့အထိ မြို့နယ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)