မိုင်းယောင်းမြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မိုင်းယောင်း ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြား၍ မြို့နယ်စစ်ကြောင်းကြီး (၅)ကြောင်းနှင့် မြို့နယ်မီးခိုးမြူငွေ့လျှော့ချရေး ကွင်းဆင်းအဖွဲ့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ ကျေးရွာတာဝန်ခံများ၊ မြို့ပေါ်လုံခြုံရေးအဖွဲ့များ စုစုပေါင်းအင်အား ၅၀၀ ဦးက ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့စစ်မှုထမ်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်ရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်စကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့သည် မြို့နယ်မီးသတ်ဦးစီးဌာနရုံးနှင့် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဖကျောက်ကျေးရွာ၌ မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြပွဲနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေး EM ဘိုကာရှီ အသုံးပြုနည်း လက်တွေ့သရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(၅၀၅)