ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ ရေကန်များအား သန့်ရှင်းရေးဆောင်ရွက်၍ ရေဖြည့်တင်းခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆန်းဝင်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်ရေကန်များအား သန့်ရှင်းရေးဆောင်ရွက်ခဲ့ပြီး မီးသတ်ကန်များအတွင်း ရေများဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)