မြောင်းမြမြို့တွင် ဒီးဒုတ်ဦးဘချိုစာကြည့်တိုက် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

မြောင်းမြ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၅) ရပ်ကွက်တွင် ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ အသစ်ဆောက်လုပ်မည့် ဒီးဒုတ်ဦးဘချိုစာကြည့်တိုက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာအား ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အမှတ်(၅)ရပ်ကွက်ရှိ စာကြည့်တိုက် တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည်။

ထို့နောက် မြောင်းမြခရိုင် ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်၊ ခရိုင်ပညာရေးမှူး ဦးဌေးဝင်း၊ ခရိုင်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာ စရေနီမိုးဝင်းနှင့် မြို့မိမြို့ဖနှစ်ဦးတို့မှ စာကြည့်တိုက်မင်္ဂလာပန္နနက်တိုင်များရိုက်ခဲ့ပြီး အမွှေးနံ့သာများ ပက်ဖျန်းခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)