တောင်တွင်းကြီး ဇန်နဝါရီ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးချုပ်မှ တိုင်းအင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ ဒုတိယညွန်ကြားရေးမှူး ဦးအောင်ဇော်မင်းနှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးနေအောင်ဆန်းတို့က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် (၁၄၄.၂၇၅)သန်းဖြင့် တင်ဒါအောင်မြင်သည့် မန်းကေသီဦးကုမ္ပဏီမှ ဆောင်ရွက်သည့် တောင်တွင်းကြီး -အောင်လံကားလမ်းမကြီးဘေးရှိ အင်တောသာကျေးရွာလမ်း နှင့် ဂွေးကုန်းကျေးရွာလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုရာတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ တင်ဒါအောင် ကုမ္ပဏီမှ ရှင်းလင်းတင်ပြခဲ့ရာ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ အဆိုပါ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပြီးပါက ကျေးရွာ(၁၂)ရွာမှ အိမ်ထောင်စု( ၁၈၃၆)စု နှင့် လူဦးရေ (၁၀၁၀၇)ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)