သတင်းများ

မြောင်းမြမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 03,2024
ဧရာဝတီတိုင်း‌ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၀၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်လှစ်
Sep 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသော လုပ်ငန်းစဥ်ဖြစ်ရာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ဖျာပုံမြို့ အ.ထ.က (၁) ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ သွားရောက်ကြည့်ရှုအားပေး
Sep 03,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့သည် ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပပြုလုပ်နေသည့် တိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနေမှုတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဝါးခယ်မမြို့နယ် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓမဟာထေရ်အရှင်သူမြတ်ကြီး၏ ဥရုဇရုပ်ကလပ်တော်အား စံကျောင်းတော်ပေါ်သို့ ပင့်ဆောင်အပူဇော်ခံခြင်း အခမ်းအနားကျင်းပ
Sep 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့ ရွာလယ်ရပ်ကွက် သီရိမင်္ဂလာလမ်း ကုလဝတီကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဝါးခယ်မမြို့နယ် သံဃနာယကအဖွဲ့ ဩဝါဒါစရိယဂေါ်ပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ဖြစ်တော်မူသော သက်တော်(၇၅)နှစ်၊ သိက္ခာတော်(၅၅)ဝါးရှိ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓမဟာထေရ် အရှင်သူမြတ်ကြီး၏ ဥရုဇရုပ်ကလပ်တော်အား စံကျောင်းတော်ပေါ်သို့ ပင့်ဆောင်အပူဇော်ခံခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သီနှံတန်းဖိုးမြှင့်စားသောက်ကုန်ထုတ် နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Sep 03,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ကျေးလက်နေ မိသားစုဝင်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် သီးနှံ အခြေခံတန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ရမည်းသင်းမြို့နယ်၊ မကျီးကုန်းတောင်ရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်
Sep 03,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရေးသားသော “သဘာဝဘေးအန္တရာယ်ဆိုးများနှင့် ဆေးပညာ၏ကဏ္ဍ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် မျောက်ကျောက်ရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 03,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိပညာရရှိစေရန်ရည်ရွယ်၍ မျောက်ကျောက်ရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဟောပြောဆောင်ရွက်ခဲ့သည်။
မိတ္ထီလာမြို့ (၁၄၁) ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌  မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲအား ပြိုင်ပွဲဝင်လှေအသင်းပေါင်း ၃ဝ သင်းခန့်ဖြင့် ထည့်သွင်းကျင်းပမည်
Sep 03,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ (၁၄၁) ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ထည့်သွင်းကျင်းပမည့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲအား ပြိုင်ပွဲဝင်လှေအသင်း စုစုပေါင်း ၃ဝ သင်းခန့်ဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံက သိရသည်။