ခန္တီး ဇူလိုင်၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေမြင့်တက်လျက်ရှိကြောင်း သိရသည်။
ခန္တီးမြို့မှာ ချင်းတွင်းမြစ်အထက်ပိုင်း၌တည်ရှိပြီး ၎င်း၏စိုးရိမ်ရေမှတ်မှာ (၁၃၆၀) စီတီမီတာဖြစ်သည်။ ယနေ့မွန်းတည့် (၁၂) နာရီခွဲတိုင်းတာချက်အရ မြစ်ရေမှာ (၁၁၆၇) စင်တီမီတာထိ မြင့်တက်လျက်ရှိပြီး စိုးရိမ်ရေမှတ်သို့ ထိရောက်ရှိရန် (၁၉၃) စင်တီမီတာ (၆) ပေကျော်သာလိုကြောင်းနှင့် ချင်းတွင်းမြစ်ရေမှာ ဆက်လက် မြင့်တက်နိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ကမ်းကီး(ပြန်/ဆက်)