မော်လိုက်မြို့ အ.မ.က(၅) ကျောင်း၌ လူငယ်‌ရေးရာအသိပညာ‌ပေးဟောပြောပွဲကျင်းပ

မော်လိုက် ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိ စေရန်ရွယ်၍ ပြန်/ဆက်‌‌ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသောလူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ(၉ )ရက်နေ့  နံနက်(၉)နာရီခွဲအချိန်က (အ.မ.က-၅) ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာဟောပြောပွဲတွင် (အ.မ.က-၅) ကျောင်းအုပ်ဆရာမကြီး ဒေါ်‌ဌေး‌ဌေးဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ကလူငယ်နှင့်ဗလငါးတန်အ‌ကြောင်းသိကောင်းစရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပြန်/ဆက်ဦးစီးဌာနမှ “မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ”ခေါင်းစဉ်များဖြင့်ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)