ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရဲ့ဘဝနှင့် တန်ဖိုးစာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းပြုလုပ်

ဒလ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က စာရေးဆရာဦးအောင်သင်း၏ လူငယ်ရဲ့ ဘဝနှင့်တန်ဖိုးစာအုပ်ဖြင့်  လူငယ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စာဖတ်ဝိုင်းတွင်‌ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင် ကျောင်းဆရာမဒေါ်လှလှရီ (ငြိမ်း) မှ စာရေးဆရာ ဦးအောင်သင်းရေးသားသည့် “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်ဖြင့်ဆွေးနွေးရာတွင် ဘဝဆိုတာ ပါဠိဘာသာစကား “ဘဝတိ” က ဆင်းသက်လာ‌ကြောင်း၊ ဘဝဆိုတာ မွေးချင်း နှင့် သေခြင်း၏ ကြားကာလကိုဘဝလို့ခေါ်ကြောင်း၊ ရှင်သန်တဲ့အပိုင်းအခြားသည်လည်း ဘဝပင်ဖြစ်ကြောင်း၊ ထိုကြားကာလသည် အချိန်ဖြစ်ပြီး အချိန်မပါဘဲ ဘဝမဖြစ်နိုင်ကြောင်း၊ ဘဝကိုတန်ဖိုးထားရင် အချိန်ကိုလည်းတန်ဖိုးထား သင့်ကြောင်း၊ မိမိကိုယ်ကိုတန်ဖိုးရှိသထက်ရှိလာအောင် လုပ်အားသွင်းပေးခြင်းအားဖြင့် တန်ဖိုးမြှင့်လာမည် ဖြစ်ကြောင်း၊ ပင်ကိုယ်တန်ဖိုး၊ ဖလှယ်ရတန်ဖိုး၊ မြတ်နိုးမှု တန်ဖိုးဟူ၍ တန်ဖိုး(၃)မျိုးရှိ‌ ကြောင်း၊ လူငယ်တွေဘဝမှာ တန်ဖိုးရှိဖို့စာတတ်ရမယ်၊ စာဖတ်တဲ့အကျင့်ရှိကြရမယ်၊ လူငယ်တွေအသိအလိမ္မာတိုးအောင် စာဖတ်တတ်တဲ့အလေ့ အကျင့်‌ကောင်းတွေ လုပ်‌ပေးရမယ်၊ လူငယ်တွေမပျက်စီး‌ စေဖို့ စာကြည့်တိုက်တွေရှိဖို့လို့ကြောင်း စသည်ဖြင့် စာအုပ်ပါအကြောင်းအရာများကို ပြည့်ပြည့်စုံစုံ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေဝါသနာရှင်လူငယ်များကလည်း စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဒလမြို့နယ်ရုံးအနေဖြင့် လူငယ်များ စာ‌ပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ လူငယ်စာဖတ်ဝိုင်းများ၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲများနှင့် စာအုပ်ပြပွဲများပြုလုပ်ပေးလျက် ရှိသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)