မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ အခွ‌န်အကြောင်း သိကောင်းစရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

‌မော်လမြိုင် ဇူလိုင် ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အခွန်ဆိုင်ရာ ဗဟုသုတများ တိုးပွားစေရန်နှင့် နိုင်ငံသားကောင်းတစ်ဦး၏ တာဝန်နှင့်ဝတ္တရားများကို သိရှိနားလည်စေရန် ရည်ရွယ်၍ "အခွန်အကြောင်း သိကောင်းစရာ" အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဦးသာညှင်းအဆောင်၌ ကျင်းပပြုလုပ်သည်။

‌ဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ဟန်က အနာဂတ် နိုင်ငံတော်ကို ပုခုံးပြောင်းတာဝန်ယူကြမည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် အခွန် အကောက်ဆိုင်ရာ အသိပညာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက  အခွန်အကြောင်း သိကောင်းစရာများအား အမေး၊အ‌ဖြေကဏ္ဍဖြင့် ဆောက်ရွက်ခဲ့ကြပြီး အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား  ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အခွန်အကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲသို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၈၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)