ငွေဆောင်မြို့၌ မဲဆန္ဒရှင်လူဦးရေစာရင်းများ ထုတ်ပြန်ကြေညာ
Oct 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကို ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့နံနက် ၇ နာရီအချိန်မှ စတင်၍ (ပထမ)အကြိမ်အဖြစ် တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။