ရေနံချောင်း ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းတက္ကသိုလ်၌ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ဆောင်ရွက်သည်။
ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံရာတွင် ရေနံချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်း၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနံသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရမည့် အကြိမ်အလိုက် စားရင်းမှတ်တမ်းရေးသွင်းကာ ရေနံချောင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း လူဦးရေ (၉၀) ဦးကို စနစ်တကျထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံလိုသူများအနေဖြင့် လာရောက်ထိုးနှံနိုင်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီးထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်