ကျိုင်းတုံ ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ကျိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူက မြို့နယ်စားပွဲတင်ပြိုင်ပွဲဆပ်ကော်မတီအား ချီးမြှင့်ငွေများပေးအပြီး ပြိုင်ပွဲအား အဓိက ကူညီပံ့ပိုးပေးသည့် WIN KTG ငွေလွှဲ/ငွေထုတ်လုပ်ငန်းအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ထို့နောက် ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးစိုင်းဆမ်တစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူး ဦးစိုင်းသိန်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် အမျိုးသားအလွတ်တန်း အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းပေါင်းစုံပြိုင်ပွဲ၊ အမျိုးသား အကြီးတန်း၊ အလတ်တန်း၊ လူသစ်တန်း တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အသက် (၁၆) နှစ်အောက် တစ်ဦးချင်းပြိုင်ပွဲများတွင် အသင်းလိုက်နှင့် တစ်ဦးချင်း ဆုရရသည့် သူများအား ဆုတံဆိပ်၊ ငွေသားဆု၊ ဆုဖလားများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)