လှိုင် ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးမှူးများနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လှိုင်မြို့နယ် အ.ထ.က (၃) ကျောင်း သပြေခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် လှိုင်မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါ်ဝေဆင့်ကျော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကိုကြိုစားသင်ယူကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများအား ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အ.ထ.က (၃) ကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ညိုထွန်း(ပြန်/ဆက်)