ပူတာအို ဇန်နဝါရီ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိပြီး စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် အခြေခံပညာကျောင်းများသို့ အသိပညာပေးဟောပြောခြင်းနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ (၂၄) ရက် နံနက် (၁၀) နာရီက ပူတာအိုမြို့ မြို့မရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခေါင်းစဉ်များဖြင့်အကျယ်တဝင့် အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ကျောင်းသားကျောင်းသူများအား စာအုပ်စာစောင်များငှားရမ်းဖတ်ရှုစေခြင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့ အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ အေးချမ်းသာယာ ပြည်မြန်မာဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဘုန်းလက်ရာသစ်