ကန်ကြီးထောင့်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြာပွဲ ကျင်းပ

ကန်ကြီးထောင့် ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာ ဗဟုသုတတိုးပွား၍ ဗလငါးတန်တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေး ဟောပြောပွဲအား ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်လွင်က မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်သည့် အကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်ဥပဒေရုံး၊ ဒုတိယဦးစီးမှူး ဦးဘုန်းမြင့်နိုင်က လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာအကြောင်းအရာများအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက Vape သုံးစွဲခြင်းနှင့် ပတ်သက်သည့် ဆိုးကျိုးများအား လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်ကျော်က အမှိုက်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အမှိုက်အ‌ကြောင်း သိကောင်းစရာများအားလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)