မိုးညှင်း ဇန်နဝါရီ ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက တက္ကသိုလ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ညွန့်ပေါင်း(က)အသင်းနှင့် ညွန့်ပေါင်း(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ညွန့်ပေါင်း(က)အသင်းမှ တစ်ဂိုး၊ ဂိုးမရှိဖြင့် ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ထို့နောက်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ တတိယရရှိသည့် ရူပဗေဒအသင်းအား ကြေးတံဆိပ်ဆုဆွဲပြားနှင့်ငွေသားဆုများကိုလည်းကောင်း၊ ဒုတိယရရှိသည့် ညွန့်ပေါင်း(ခ)အသင်းအား ငွေတံဆိပ်ဆုဆွဲပြားနှင့် ငွေသားဆုများကို လည်းကောင်း၊ ပထမရရှိသည့် ညွန့်ပေါင်း(က)အသင်းအား ရွှေတံဆိပ်ဆုဆွဲပြားနှင့် ငွေသားဆုအပါအဝင် တံခွန်တိုင်ဒိုင်းဆုဖလားနှင့် နေရာအလိုက် တစ်ကိုယ်တော် စွမ်းဆောင်ရည်ဆုများကို တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းနှင့် ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ ဆရာမများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း