ကြံခင်းမြို့နယ်၌ မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးမွမ်းမံ အမှတ်စဥ် (၁/၂၀၂၅) သင်တန်းသားများ စုဖွဲ့လေ့ကျင့်မှုဆောင်ရွက်

ကြံခင်း ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးမွမ်းမံ အမှတ်စဉ်(၁/၂၀၂၅)သန္ဓေ မီးသတ်နှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်သင်တန်းသားများ စုဖွဲ့လေ့ကျင့်မှုကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါရုံးဝန်းအတွင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ စုဖွဲ့လေ့ကျင့်ခြင်းကို ကြံခင်းမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦး‌‌ကိုကိုနိုင် ဦးဆောင်သရုပ်ပြ သင်ကြားပို့ချရာတွင် အသက်ကယ်စွမ်းရည်လေ့ကျင့်ခြင်း၊ အထပ်မြင့်အဆောက်အဦအတွင်း မီးလောင်မှုအား မီးငြိမ်းသတ်ခြင်းနှင့် မီးခိုးအလုံပိတ်ခန်းအတွင်း ပိတ်မိနေသော လူနာများအား ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်းအား လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၃၅)ဦးတို့အား လှေကားလေ့ကျင့်ခြင်း၊ ရေတွင်းသက်ကယ်လေ့ကျင့်ခြင်း၊ ကြိုးတက်၊ ကြိုးဆင်းလေ့ကျင့်ခြင်း၊ ရှဉ့်ကူး/မျောက်ကူး လေ့ကျင့်ခြင်း၊ ကြိုးတန်းပက်လက်ကူး လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးနည်းပညာရပ်များအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချ‌ပေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)