မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင့်ရေးအသိပညာပေးဟောပြော

မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(‌၃)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀  နာရီအချိန် အဆိုပါကျောင်းရှိ  မြကန်သာခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခိုင်စိုးက အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြမြ၀င်းက မိမိတို့ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ စာဖတ်ရှိန်မြှင့်‌တင်နိုင်‌ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ ဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်၀ပြီးစဉ်းစားတွေးခေါ်မှု အသိဉာဏ်များပိုမိုရှင်သန်လာစေခြင်းနှင့် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများတိုးပွားလာစေခြင်းအကျိုးကျေးဇူးများရရှိစေခြင်း၊ တိုးတက်သော နိုင်ငံများမှ ပြည်သူများသည် စာအုပ်စာပေများကို နေ့စဉ်‌ဖတ်ရှုလေ့‌လာကြပါကြောင်း စသည့်တို့ကို ရှင်းလင်းဟောပြောပေးခဲ့သည်။ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က  လူငယ်နှင့်မူးယစ်ဆေးအကြောင်း အသိပညာဗဟုသုတများအား အကျယ်တ၀င့်  ရှင်းလင်းပြောကြား‌ပေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအကြောင်း စသည့်တို့ပါ၀င်သောအသိပညာပေး နံရံကပ်ဗီနိုင်း၊ ပိုစတာများ၊ သုတ၊ ရသစာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

 သက်လွင်စိုး (ပြန်/ဆက်)