လက်ပံတန်းမြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

လက်ပံတန်း ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက လက်ပံတန်းမြို့  မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းမြိုင်နှင့်ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ ဦးဝင်းစန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ  ပူးပေါင်းအဖွဲ့သည်  လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ သွယ်တန်းထားရှိမှု ရှိ/မရှိ၊ Main Breaker များ တပ်ဆင်ထားမှု ရှိ/မရှိ၊ အသုံးပြုမှုကြာမြင့်နေသည့် ဝါယာကြိုးဟောင်းများအား လဲလှယ်တပ်ဆင်ရေး၊ မီးသတ်ဆေးဘူးထားရှိ သုံးစွဲရေးတို့ကို စစ်ဆေးအသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)