မအူပင်မြို့၌ ဆောင်းသီးနှံနေကြာ ဖြစ်ထွန်းအောင်မြင်နေမှုများအား ကွင်းဆင်းကြည့်ရှု့အားပေး

မအူပင် ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဆောင်းသီးနှံ နေကြာဖြစ်ထွန်းအောင်မြင်နေမှုများအား ယနေ့နံနက်ပိုင်းက ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုမှုအား ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှတာဝန်ရှိသူများမှ ကျုံစုတ်ကျေးရွာရှိ တောင်သူဦးသန့်ဇင်၏ ကွင်းအမှတ်(၉၁၁)၊ ဦးပိုင်အမှတ်(၅/၂)တွင် စိုက်ပျိုးထားသည့် ‌ရေဆင်း-၁ ဆောင်းသီးနှံနေကြာဖြစ်ထွန်းအောင်မြင်နေမှုများအား ကြည့်ရှု့အားပေးခဲ့ကြပြီး နေကြာခင်းအတွင်း ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ရေပေးသွင်းခြင်း၊ မြေဩဇာအချိန်‌ကိုက်ထည့်သွင်း အသုံးပြုနိုင်ရေးကိစ္စရပ်များအား လမ်းညွှန် မှာကြားခဲ့ကြောင်းသိရသည်။

 အောင်မြင့်မြတ်(ပြန်/ဆက်)