လပွတ္တာ ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ရွှေပြည်သာကျေးရွာ ဇေယျသုခိတာရာမကျောင်းတိုက်၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သော နွေစပါးသွင်းအားစု ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားနှင့် နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေ ကြွေးကျန်များ ပြန်လည်ပေးဆပ်နိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်ဖုန်းဟန်က အမှာစကားပြောကြားခဲ့ပြီး လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈၆)ဘီလီယံဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းအတွက် သွင်းအားစုများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်လပွတ္တာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က နွေစပါးသွင်းအားစု ဓာတ်မြေဩဇာများပေးအပ်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈၆)ဘီလီယံဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းအတွက် သွင်းအားစုဓာတ်မြေဩဇာများအား တောင်းသူများ လက်ဝယ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ပြုလုပ်သုံးစွဲနည်းနှင့် အကျိုးကျေးဇူးများအကြောင်း သိကောင်းစရာအသိပညာပေး လက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)