စစ်တွေ ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ သာသနိကအဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗုဒ္ဓေါမော်ကျောင်းတိုက်ရှိ တောင်ဘက်ကပ်ကျော် ရန်ပြေမာန်ပြေ ကိုးနဝင်းဓါတုဧးစေတီအားဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား တောင်ဘက်ကပ်ကျော် ရန်ပြေမာန်ပြေ ကိုးနဝင်းဓါတုဧးစေတီကို သာသနိကအဆောက်အဦများ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား ဆွေးနွေးမှာကြားပြီး စေတီတော်နှင့်သာသနိကအဆောက်အဦများ ပြုပြင်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက်၍ ဗုဒ္ဓေါမော်ကျောင်းတိုက် ဆရာတော်က စေတီတော်နှင့်ပတ်သက်၍ လိုအပ်သည်များကိုမိန့်ကြားရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိဇံရပ်ကွက်ရှိ အရှေ့ဘက်ကပ်ကျော် ရန်ပြေ မာန်ပြေ ကိုးနဝင်း ဓါတုဧးစေတီသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား အရှေ့ဘက်ကပ်ကျော် ရန်ပြေမာန်ပြေကိုးနဝင်းဓါတုဧးစေတီကို သာသနိကအဆောက်အဦများ ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိဇံရပ်ကွက်ရှိ မိဇံနတ်စင်အား ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြုပြင်ထိန်းသိမ်းအဖွဲ့မှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုတို့ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိဇံနတ်စင်တွင် ဆီမီးနှင့် အမွှေးနံ့သာများ ကပ်လှူပူဇော်ပြီး နတ်စင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုန်းတပင်ရပ်ကွက်ရှိ မြောက်ဘက်ကပ်ကျော် ရန်ပြေမာန်ပြေကိုးနဝင်းဓါတုဧးစေတီသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား မြောက်ဘက်ကပ်ကျော် ရန်ပြေ မာန်ပြေကိုးနဝင်းဓါတုဧးစေတီကို သာသနိကအဆောက်အဦများ ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား ဆွေးနွေးမှာကြားပြီး စေတီတော်နှင့်သာသနိကအဆောက်အဦများ ပြုပြင်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်းသိမ်တော်အတွင်း၌ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ သိမ်တော်အား ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က ရှင်းလင်းတင်ပြသည်။ ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂြစ်ဘက်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းပြီး ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်းကျောင်းတော်ကြီးအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့်ပတ်သက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)