မိတ္ထီလာမြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်းနှင့် အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင် (ဆဋ္ဌမ) အစည်းအဝေးအခမ်းအနား ကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၃ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်းနှင့် အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင် (ဆဋ္ဌမ) အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ရန်မျိုးအောင်ရပ်ကွက် သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ်ကျောင်းတိုက် မဟာဝိဇယဓမ္မဗိမာန်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးအခမ်းအနားတွင် ဦးစွာ အစည်းအဝးနာယကဆရာတော် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသူရိယက ဩဝါဒါကထာ မိန့်ကြားပြီး မြို့နယ်သံဃနာယအဖွဲ့မှ အနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်းကို ဆောင်ရွက်သည်။ ၎င်းနောက် မြို့နယ်ဝါဒါစရိယဆရာတော်ဘဒ္ဒန္တဥတ္တရ၏ ဩဝါဒါကထာကို မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တဩဘာသက ဖတ်ကြားလျှောက်ထားပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေသရက အစည်းအဝေး အဖွင့်ဩဝါဒါကထာကို မိန့်ကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြီး ခရိုင်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အလှူရှင်များက လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မိတ္ထီလာမြို့ အသောကာရုံရေလည် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘဒ္ဒန္တလာဘာဝတထံမှ အနုမောဒနာတရားနာယူကြည်ညိုပြီး ရေစက်သွန်းချ အမျှတမ်းပေးဝေခဲ့ကြောင်း သိရသည်။   

ချမ်းသာ