ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

ငပုတော ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဇန်နဝါရီလ(၂၈)ရက်နေ့နံနက်ပိုင်းက KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ (ပထမအကြိမ်)ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ (ပထမအကြိမ်) ကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မြင့် ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မိုးမိုးအေး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ‌ ဒေါ်နီလာထွန်းနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူ (၉၆၉)ဦးအား ကျောင်းတွင်းအာဟာရ (ပထမအကြိမ်)ကျွေးမွေးခြင်းကို ယနေ့တွင် အခြေခံပညာကျောင်းများ၌ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်သူ(ပြန်/ဆက်)