တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် (၂၈) ကြိမ်မြောက် နေ့ညအသံမစဲ မဟာဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

တံတားဦး ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်ငယ်တော်ကျေးရွာတွင် (၂၈) ကြိမ်မြောက် နေ့ညအသံမစဲမဟာဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် (၉) နာရီက အဆိုပါကျေးရွာ ရွာလည်မြတစ်သိန်း ကိုးထောင်ပြည့် ဓမ္မာရုံအတွင်း၌ ကျင်းပကြောင်းသိရသည် ။

ရှေးဦးစွာ ပင့်လျှောက်၍ ကြွရောက်တော်မူလာကြသည့် ပဌာနနာယကဆရာတော်များ၊ ပဌာနဘာဏကဆရာတော်များက ကျေးရွာသူ/ သားများ အန္တရာယ်ကင်းရှင်းရန်အတွက် မေတ္တာပရိတ် တရားများ လှည့်လည်၍ချီးမြှင့်ပေးကြသည်။ ဆက်လက်၍ (၂၈) ကြိမ်မြောက် နေ့ညအသံမစဲ မဟာဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပရာ ပဌာနနာယကဆရာတော်များ၊ ပဌာနဘာဏက ဆေရာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ကို သူငယ်တော်ရွာ ကူတော်ကျောင်းဆရာတော် ဘဒ္ဒန္တအာစာရကလည်းကောင်း၊ ပလ္လင်ပွင့်အောင်ဂါထာတော်ကို မင်္ဂလာချောင်ဦးပရိယတ္တိစာတိုက်မှ ဘဒ္ဒန္တအာဒိစ္စကလည်းကောင်း ရွတ်ဖတ်ပူဇော်ကြပြီး ကြွရောက်တော်မူလာကြသည့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က လက်ဆောင်ယူကျေးရွာ ဆရာတော်ဘဒ္ဒန္တကေသဝထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ ကူတိုးဆိတ် ဂိုဏ်းထောက်ကျောင်းဆရာတော်ဘုရားကြီး ပဌာန်းဒေသနာတော်နှင့်ပတ်သတ်၍ ဩဝါဒကထားချီးမြှင့် ပေးသနားတော်မူသည်။ ဆက်လက်၍ နတ်ဗြဟ္မာများ ပဌာန်းတရားတော် နာယူကြည်ညိုရန်အတွက် သူငယ်တော်ရွာ ကျောင်းသစ်ကျောင်းဆရာတော်ဘဒ္ဒန္တဇောတိကက ဖိတ်ကြားခြင်းကိုလည်းကောင်း၊ ပဌာန်းဒေသနာ ချီးကျူးလွှာဂါထာကို သူငယ်တော်ကျေးရွာ ကံရိုးကျောင်းဆရာတော်ကလည်းကောင်း၊ ပဌာန်းအမွှမ်းဂါထာကို သူငယ်တော်တောရဆရာတော်က ဖတ်ဖတ်ပူဇော်ကြပြီး ပဌာန်းပစ္စယုဒ္ဒေသကို ပဌာနနာယကဆရာတော်များ၊ ပဌာနဘာဏက ဆေရာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က သံပြိုင်ညီညာစွာဖြင့် ရွတ်ဆို ပူဇော်ကြ သည်။ ထို့နောက် ပဌာနဘာဏကဆေရာတော်များက ပဌာန်းဒေသနာတော်ကို အလှည့်ကျ ရွတ်ဖတ် ပူဇော်ပေးသည်။

(၂၈) ကြိမ်မြောက် နေ့ညအသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဖော်ပွဲကို ၁၃၈၆ခုနှစ် တပို့လွဲလဆန်း (၂) ရက်နေ့မှ (၆) ရက်နေ့အထိ ငါးရက်တိုင်တိုင် နေ့ညအသံမစဲမ ဟာဌာန်းရွတ်ဖတ်ဇော်ပွဲကို ပဌာနနာယကဆရာတော်များ၊ ပဌာနဘာဏကဆေရာတော်များ စုစုပေါင်း (၄၃) ပါးက ရွတ်ဖတ်ဇော်ကြမည် ဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)