ပြည်တက္ကသိုလ်၌ သုတေသနစကားဝိုင်းကျင်းပ
Oct 02,2025
ပြည်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စက်တင်ဘာ ၃၀ရက် ယမန်နေ့မွန်းလွဲ ၁နာရီခွဲက သုတေသနစကားဝိုင်းကျင်းပပြုလုပ်ရာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ၊ ဆရာမများ စုစုပေါင်း ၃၂၀ ခန့်တက်ရောက်ကြသည်။