ဘုတ်ပြင်းမြို့ ၌ ရေယာဉ်မီးငြှိမ်းသတ်ခြင်းနှင့်ရေပြင်အသက်ကယ်ခြင်းဇာတ်တိုက်လေ့ကျင့်
Jul 10,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပင်လယ်အတွင်း သွားလာနေသည့် ရေယာဉ်များ ရေလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့်ရေယာဉ်များ အရေးပေါ်မီးလောင်မှုဖြစ်ပေါ်လာပါက လျှင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး မီးသတ်ဦးစီးဌာနမှ ရေယာဉ်မီးငြှိမ်းသတ်ခြင်းနှင့်ရေပြင်အသက်ကယ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်က ဘုတ်ပြင်းမြို့နယ် ဗိုလ်လှဖေတံတားအနီးရှိ ဘုတ်ပြင်းချောင်းအတွင်း၌ ဇာတ်တိုက်လေ့ကျင့်သည်။