တီးတိန်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေး

တီးတိန် ဇူလိုင် ၁၀

ချင်းပြည်နယ်၊ တီးတိန်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တီးတိန်မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော်၏ရက် (၁၀၀) လမင်းစီမံချက်ဖြင့်‌ ဆောင်ရွက်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယနေ့နံနက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။

ထိုသို့နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဇော်နိုင်ဦးနှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)