ခန္တီးမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လျက်ရှိ

ခန္တီး ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်းသိရသည်။

ခန္တီးမြို့၏စိုးရိမ်ရေမှတ်မှာ (၁၃၆၀) စီတီမီတာဖြစ်ပြီးယနေ့ နေ့လယ် (၁၁) နာရီခွဲ တိုင်းတာချက်အရ ချင်းတွင်းမြစ်ရေမှာ (၁၂၂၉) စင်တီမီတာသို့ရောက်ရှိနေပြီး ၎င်းမြို့၏စိုးရိမ်‌ရေအမှတ်သို့ ရောက်ရှိရန် (၄) ပေခွဲခန့်သာလိုတော့ကြောင်းနှင့် မြစ်ရေမှာ ဆက်လက်မြင့်တက်လာနိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကမ်းကီး(ပြန်/ဆက်)