ကျောင်းကုန်းမြို့၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော

ကျောင်းကုန်း  ဇန်နဝါရီ  ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အ.ထ.က(ခွဲ) အောက်ပိုင်းကျောင်း၌ သစ်တောဦးစီးဌာနက ကြီးမှူး၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(ခွဲ)အောက်ပိုင်းကျောင်းအုပ်ဆရာကြီး ဦးမင်းမော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ရေကြည်မြို့နယ်သစ်တောဦးစီး‌ဌာနမှ ဦးစီးအရာရှိ ဦးတင်ထူးနိုင်က သစ်တောသယံဇာတများအား ထိန်းသိမ်းရန်၊ ရေသယံဇာတများအား ထိန်းသိမ်းရန် နှင့် မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပွားစေနိုင်သော ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ အမျိုးအစားများအကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တောအုပ်ကြီး ဦးပိုင်မင်းဝေက သစ်တောများ၏ အကျိုးကျေးဇူးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း‌ကြောင့် ရာသီဥတုကောင်းမွန်လာနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးမင်းမော်မြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)