ကျောက်ဆည် ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ယနေ့မွန်းလွဲ (၁၂) နာရီက လမ်းပြကြယ် ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ပတ်လည်အခမ်းအနားနှင့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဒေါက်တာသိင်္ဂီသန်းဦးက နှစ်ပတ်လည်အခမ်းအနားနှင့်ဆုနှင်းသဘင် အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လမ်းပြကြယ်ကျောင်း၏ တစ်နှစ်စာလုပ်ငန်းဆောင်ရွက်မှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လမ်းပြကြယ်ကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဒေါက်တာသိင်္ဂီသန်းဦးနှင့် တာဝန်ရှိသူတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Young Learner English (starter/mover/flyer) အဆင့်တွင်အောင်မြင်သူများ၊ Grade-1 မှ Grade-12 အတန်းထိ ကာယ၊ ဉာဏ ထူးချွန်သူများအား ဆုများချီးမြှင့်ပေးခဲ့ပြီး Grade-5တန်းနှင့်Grade-19 ပြီးမြောက်သူများအား အတန်းပြီးမြောက်ကြောင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူလေးများက”မင်္ဂလာပါ”၊“ထာဝရမြန်မာ”၊ “ထာဝရသစ္စာ”၊“လောကအားမာန်”၊ “ဦးရွှေရိုး နှင့်ဒေါ်မိုး”၊ “အလှကမ္ဘာမြေ” စသည့်သီချင်းများဖြင့် ကပြဧည့်ခံဖျော်ဖြေခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောက်(ကျောက်ဆည်)