ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို ထန်းတပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင်ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့မွန်းလွဲပိုင်းက သင်တန်းဆင်းပွဲကို အဆိုပါရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဆင်းပွဲတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးထင်ကျော်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူးဦးမြင့်သန်းက သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင်ထူးချွန်ဆုရသင်တန်းသားများအား မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးထင်ကျော်၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်နိုင်ဦးနှင့်တာဝန်ရှိသူများက ဆုများကိုအသီးသီးပေးအပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးဝေစိုးက ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်းတီးပေးရေးလုပ်ငန်းကော်မတီမှ သင်တန်းနည်းပြ(၄)ဦးတို့ဖြင့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း နည်းလမ်းများကိုတစ်လကြာ စာတွေ့လက်တွေသင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စုများမှ သင်တန်းသား(၄၃)ဦးတို့တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)