ခန္တီးမြို့၌ ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲပြုလုပ်

ခန္တီး ဇန်နဝါရီ ၃၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ယမန်နေ့က၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.မ.က(၅)အောင်သာ ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က  တိုင်းရင်း သားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး၏ အမြုတေသမိုင်းဝင် ပင်လုံစာချုပ်နှင့် ပတ်သက်၍လည်းကောင်း၊ မျိုးချစ်စိတ်ဓာတ်နှင့်ပတ်သက်၍လည်းကောင်း  အကျယ်တဝင့် ရှင်းလင်းဟောပြောရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်တစား နားထောင်ခဲ့ကြပြီး သိရှိလိုသည်များကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်/စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။

ကမ်းကီး(ပြန်/ဆက်)