ဟားခါး ဇန်နဝါရီ ၃၁
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စားတင်တင်းနစ်များကို ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပပြုလုပ်ရာ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဟားခါးတက္ကသိုလ်၌ အဆင့်မြင့် စာပေပြိုင်ပွဲအဖြစ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲ ပြုလုပ်ခဲ့သည်။
အလားတူ ချင်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် အခြေခံပညာအဆင့်နှင့် အဆင့်မြင့်စာပေပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများ ကျင်းပလက်ရှိရာ အခြေခံအဆင့်ဘော်လီဘော (ကျား၊ မ) ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ထုပ်ဆီးတိုးပြိုင်ပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းများ၌လည်းကောင်း၊ ချင်းအမျိုးသားနေ့စကားဝိုင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ အခြေခံပညာအဆင့် စာစီ စာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်သည်။
ဟားခါးတက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပပြုလုပ်သည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်း အမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဘောလီဘော၊ ပိုက်ကျော် ခြင်း၊ စားတင်တင်းနစ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ အခမ်းအနားဖြင့် ထိုက်ထိုက်တန်တန် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)