ကြံခင်း ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ထားဝယ်ကြီးဘုန်းတော်ကြီးကျောင်းခြံဝင်းအတွင်း လူငယ်လူရွယ်နှင့်စာပေချစ်မြတ်နိုးသူများ စာပေဖတ်ရှုနိုင်စေရန်အတွက် ယမန်နေ့ ညနေပိုင်းက ဆရာတော်နှင့်တပည့်ဒါယကာများက စာကြည့်တိုက် ဆောက်လုပ်မည့် မြေနေရာအား ရွေးချယ်ကြည့်ရှုကြသည်။
အဆိုပါ စာကြည့်တိုက်ဆောက်လုပ်ရေးအတွက် ထားဝယ်ကြီးကျောင်းတိုက်ဆရာတော် ဦးပညာသာမိနှင့် တပည့်ဒါယကာများ၊ အကျိုးတော်ဆောင်အဖွဲ့များဖြင့် ညှိုနိုင်းအစည်းပြုလုပ်ပြီး အလျား ၃၀ ပေ၊ အနံ ၂၀ ပေ တစ်ထပ်အုတ်တိုက်ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုကာ မြေသန့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။ ၎င်းစာကြည့်တိုက်အား ဖေဖော်ဝါရီလအတွင်း စတင်တည်ဆောက်မည့်ဖြစ်ပြီး၊ စာကြည့်တိုက် တည်ဆောက်ပြီးစီးပါက ဝါတွင်းကာလတွင် နှစ်စဥ်ဖွင့်လျက်ရှိသည့် ဓမ္မစကူးလ်သင်တန်းသား၊ သင်တန်းသူများနှင့် စာပေဝါသနာရှင်များ လာရောက်စာပေ ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)