ရှမ်းပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ ဆဋ္ဌမအကြိမ်နှင့် တောမီးလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဆဋ္ဌမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ကြီးကြပ်မှုကော်မတီမှ ပူးတွဲတာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် တောမီးလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ နေ့လယ် ၁၂ နာရီက တောင်ကြီးမြို့၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဦးစိုင်းလိတ်နှင့်ကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးမင်းသိန်းအပါအဝင် အဖွဲ့ဝင်(၂၆)ဦး တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဦးစိုင်းလိတ်မှ အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ဦးမင်းသိန်းမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှမ်းပြည်နယ်အတွင်း တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှု Hotspot အရေအတွက် များပြားနေခြင်းကို လျှော့ချနိုင်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တစ်ခါသုံးပလတ်စတစ် သုံးစွဲမှုကင်းစင်ရေး၊ ပလတ်စတစ်အမှိုက် မဆင်မခြင်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာများမှ လိုက်နာဆောင်ရွက်ရန်အချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်အဖွဲ့ဝင်များမှ မိမိတို့ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများ အားပြန်လည်ဆွေးနွေးကာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ ကြောင်းသိရှိရသည်။

ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)