မြို့သစ် ဖေဖေါ်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ KG တန်း ကျောင်းသား၊ ကျောင်းသူများအား အဟာရကျွေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မျိုးဇော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးရုံး ပညာရေးမှူး ဦးဝင်းအောင်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက KG တန်း ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျောင်းတွင်းအာဟာရကျွေးခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဇန်နဝါရီလအတွင်း ပထမအကြိမ်နှင့် ဖေဖော်ဝါရီလအတွင်း နှစ်ကြိမ် စုစုပေါင်းသုံးကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)