ဝေါ ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိခံစားနိုင်ရေးနှင့် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီတွင် အရှေ့ဘက်ကမ်းရပ်ကွက်ဆွမ်းလောင်းဓမ္မာရုံအတွင်း သားဖွားဆရာမ ဒေါ်ချိုမွန်သော်နှင့် ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်း ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးမထိုးရသေးသော ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးကင်းစမှ တစ်နှစ်ခွဲအောက်ကလေးငယ်များ နီးစပ်ရာ ကျေးရွာအုပ်စု ကျန်းမာရေးဌာနခွဲများတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)နှင့်၊ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးနှံပေးပြီး၊ မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနဌာနခွဲများတွင် သြဂုတ်လအတွင်း စတင်ထိုးနှံပေးသွားရန် စီစဉ်ထားရှိကြောင်းနှင့် ထိုးနှံပေးမည့်အစီအစဉ်များကို ရပ်ကွက်နှင့်ကျေးရွာ ဆေးထိုးစုရပ်များတွင် လစဥ်ပုံမှန်ကာကွယ်ဆေးများ ကျေးရွာများအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)