နတ်တလင်း ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန် အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက် မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က (တာပွန်)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အ.ထ.က တာပွန် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက လူငယ်စကားဝိုင်းများကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ လူငယ်စကားဝိုင်းစတင် ကျင်းပရာ မြို့နယ်ဦးစီးမှူးမှ ဦးဆောင် ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲ၌ GRADE-11(A)မှ မပြည့်ဖြိုးစံက "လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-9(B) မှ မရွှန်းလဲ့ရည်လင်းက "လူငယ်နှင့်ပညာခေတ်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ GRADE-9(B) မှ မရွှန်းလဲ့ရည်ဝင်းက "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10(A)မှ မဆုရတီထွန်းက "လူငယ်နှင့်ယဉ်ကျေးမှု" လည်ကောင်း၊ GRADE-11(A)မှ မောင်သူရိန်ထွဋ်က "လူငယ်နှင့်အားကစား" ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာဦးဆောင် ဆွေးနွေးသူနှင့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးသူ များက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၁၈၀)ဦးခန့် တက်ရောက်ခဲ့ပြီး ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ကျောင်းသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)