ဖြူး ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ စားအုံးဆီ လက်လီ/လက်ကား အရောင်းဆိုင်များအား ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက စားအုန်းဆီရောင်းချနေမှုများအား ကြပ်မတ်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စားအုန်းဆီများရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန် သတ်မှတ် ပမာဏအတိုင်း မှန်ကန်စွာရောင်းချရေး၊ ကုန်စုံဆိုင်များ၌ ရောင်းချနေသော အမှတ်တံဆိပ်ပါ ဗူးသွင်းဆီများ စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးတို့ကို လိုက်လံကြပ်မတ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)